
0
330


မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒတွေ ဖြေလျှော့ပေးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစပြီး မော်တော်ကားအရေအတွက် အဆမတန်များပြားလာနေသလို ယာဉ်မတော်တဆမှုတွေလည်း တဟုန်ထိုး များပြားလာနေတယ်။


……………………. ။ ။ …………………..

ယာဉ်မတော်တဆမှုကြောင့် တရက် လူ ၁၅ ယောက်ခန့် သေဆုံး

၂၀၁၇ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် တရက်ကို လူ ၁၅ယောက်ခန့် သေဆုံးနေတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒတွေ ဖြေလျှော့ပေးခဲ့တဲ့ ၂၀၁၃ခုနှစ်ကစပြီး မော်တော်ကားအရေအတွက် အဆမတန်များပြားလာနေသလို့ ယာဉ်မတော်တဆမှုတွေလည်း တဟုန်ထိုး များပြားလာနေတယ်။
နှစ်အလိုက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေ တိုးတက်များပြားလာနေပြီး ၂၀၁၃ခုနှစ်မှာ ၃၈၀ဝ ခန့် သေဆုံးတယ်။၂၀၁၄ခုနှစ်မှာ ၄၃၀ဝ ကျော်၊၂၀၁၅မှာ ၄၃၀ဝကျော်၊၂၀၁၆မှာ ၄၉၀ဝခန့် သေဆုံးခဲ့တယ်။
၂၀၁၇ခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ၃၅၀ဝ ကျော် သေဆုံးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပြီး ပြည်သူတဦးချင်းစီရဲ့ ကိုယ်စီအသိတရားနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)