ကုလက ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥ အေရးႀကီးတယ္လို႔ ေျပာ

0
352

ကုလသမဂၢလူသားခ်င္းစာနာမႈနဲ႔ အေရးေပၚ အကူအညီေပးေရး ညွိႏႈိင္းေဆာင္ရြက္ေရး ကုလသမဂၢ လက္ေထာက္အတြင္းေရးမွဴးခ်ဳပ္ Mark Lowcock က ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥဟာ အေရးၾကီးတဲ့ကိစၥရပ္တခုျဖစ္တယ္လို႔ ဒါကာသတင္းစာရွင္းလင္းပြဲမွာ သတိေပး ေျပာဆိုလိုက္ပါတယ္။

ဒုကၡသည္ေတြအေနနဲ႔ ေဘးကင္းလံုျခံဳျပီး စိတ္ခ်လက္ခ်ျပန္ႏိုင္မယ့္ အေနအထားမ်ိဳးျဖစ္ဖို႔ အေရးၾကီးတယ္လို႔လည္း ေျပာခဲ့ျပီး ပဋိပကၡ ျဖစ္ပြားရာ ရခုိင္ျပည္နယ္အတြင္း အကူအညီေတြ လြတ္လြတ္လပ္လပ္ ေပးခြင့္ရဖုိ႔ လုိအပ္တယ္လို႔လည္း ေျပာပါတယ္။

ကုလသမဂၢက ရခိုင္ေဒသတြင္း အၾကမ္းဖက္တိုက္ခိုက္မွုေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးသူေပါင္း ၅ သိန္းေလာက္ ရွိတယ္လို႔ ေျပာေနျပီး ဒုကၡသည္ေတြအတြက္ အေရးေပၚ ရန္ပုံေငြ အေမရိကန္ေဒၚလာသန္း ၄၃၀ လိုအပ္ေနတယ္လို႔လည္း ထုတ္ေျပာထားပါတယ္။
………………….. ။ ။ ……………………

ကုလက ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ အရေးကြီးတယ်လို့ ပြော
ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock က ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စဟာ အရေးကြီးတဲ့ကိစ္စရပ်တခုဖြစ်တယ်လို့ ဒါကာသတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောဆိုလိုက်ပါတယ်။
ဒုက္ခသည်တွေအနေနဲ့ ဘေးကင်းလုံခြုံပြီး စိတ်ချလက်ချပြန်နိုင်မယ့် အနေအထားမျိုးဖြစ်ဖို့ အရေးကြီးတယ်လို့လည်း ပြောခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ်အတွင်း အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ရဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂက ရခိုင်ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသူပေါင်း ၅ သိန်းလောက် ရှိတယ်လို့ ပြောနေပြီး ဒုက္ခသည်တွေအတွက် အရေးပေါ် ရံပုံငွေ အမေရိကန်ဒေါ်လာသန်း ၄၃၀ လိုအပ်နေတယ်လို့လည်း ထုတ်ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)