၂၀၁၆ ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ ေရာက္သူေတြပဲ ျမန္မာ ျပန္ေခၚမယ္

0
384

၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ ေရာက္သြားသူေတြကိုပဲ ျမန္မာဘက္က ျပန္ေခၚမယ္လို႔ ျမန္မာဘက္က ေျပာတဲ့အေၾကာင္း ႏွစ္ႏိုင္ငံေဆြးေႏြးပြဲတက္ခဲ့တဲ့ ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူတဦးကို ကိုးကားျပီး AFP သတင္းဌာနမွာ ေဖာ္ျပပါတယ္။

ဘဂၤလားေဒ့ရွ္က သူတို႔ဆီေရာက္ေနတဲ့ ဘဂၤါလီ ၉သိန္းေလာက္ရွိတယ္၊ ၅သိန္းက လတ္တေလာ အၾကမ္းဖက္တိုက္ခိုက္မ မႈေတြေၾကာင့္ ေရာက္လာသူေတြျဖစ္ျပီး ၂၀၁၆ခုႏွစ္က ၁ သိန္း၊၁၉၉၀ ေနာက္ပိုင္း တစစ ေရာက္လာသူေတြက ၃သိန္းေလာက္ ရွိတယ္လို႔ ေျပာဆိုေနတာ ျဖစ္ပါတယ္။

လတ္တေလာ ဘဂၤလားေဒ့ရွ္ကိုသြားျပီး ဒုကၡသည္ေတြ ျပန္ေခၚဖို႔ေဆြးေႏြးခဲ့တဲ့ ျမန္မာကိုယ္စားလွယ္ အဖြဲ႔က အေစာပိုင္းကတည္းက ဘဂြလားေဒ့ရွ္ ေရာက္ေနသူေတြျပန္ေခၚဖို႔ သူတို႔ ဆံုးျဖတ္ခြင့္မရွိဘူးလို႔ ေျပာတဲ့အေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
…………………. ။ ။ ………………………

၂၀၁၆နောက်ပိုင်း ဘဂ်လားဒေ့ရှ်ရောက်သူတွေပဲ မြန်မာ ပြန်ခေါ်မယ်

၂၀၁၆ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ရောက်သွားသူတွေကိုပဲ မြန်မာဘက်က ပြန်ခေါ်မယ်လို့ မြန်မာဘက်က ပြောတဲ့အကြောင်း နှစ်နိုင်ငံဆွေးနွေးပွဲတက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းဌာနမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်က သူတို့ဆီရောက်နေတဲ့ ဘင်္ဂါလီ ၉သိန်းလောက်ရှိတယ်၊ ၅သိန်းက လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ရောက်လာသူတွေဖြစ်ပြီး ၂၀၁၆ခုနှစ်က ၁သိန်း၊၁၉၉၀ နောက်ပိုင်း တစစ ရောက်လာသူတွေက ၃သိန်းလောက် ရှိတယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။
လတ်တလော ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ဆွေးနွေးခဲ့တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က အစောပိုင်းကတည်းက ဘဂွလားဒေ့ရှ်ရောက်နေသူတွေပြန်ခေါ်ဖို့ သူတို့ ဆုံးဖြတ်ခွင့်မရှိဘူးလို့ ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)