မွတ်စလင် ၁၉ ဖွဲ့ရဲ့ တရားစွဲဆိုမှု တုံ့ပြန်ဖြေရှင်းမည် မဟုတ်

0
333

ဘင်္ဂါလီတွေကို ပစ်မှတ်ထားပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွတ်ဆွဲချက်နဲ့ မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားတဲ့ Burma Task Force USA (BTF) က အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုမှာ တရားစွဲဆိုထားတဲ့အပေါ် တုံ့ပြန်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ် အောက်တိုဘာလ ၃ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

U YE HTUT

ဒီလိုပြောကြားတဲ့နေရာမှာတော့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေက အမေရိကန်နိုင်ငံရဲ့ လက်အောက်မဟုတ်တာကြောင့် ဖက်ဒရယ်တရားရုံးရဲ့ ဖိတ်ခေါ်ချက်ကို တုန့်ပြန်စရာ မလိုဘူးလို့ ပြောကြားလိုက်တာပါ။

မွတ်စလင်အဖွဲ့အစည်း ၁၉ ဖွဲ့ ပူးပေါင်းထားတဲ့ Burma Task Force USA (BTF) အဖွဲ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုမှာ နိုင်ငံရပ်ခြားသားတွေ အကျိုး ထိခိုက်မှု အခွင့်အရေးဆိုင်ရာ အက်ဥပဒေ (ATCA) နဲ့ ညှဉ်းပမ်းနှိပ်စက်ခံရသူများ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ (TVPA) တို့အရ တရားစွဲဆိုထားတယ်လို့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားတာပါ။

ဒီအပေါ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတစ်ခုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စုဝန်ကြီးတချို့ကို ဆင့်ခေါ်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)