IDP Camp စစ်ဘေးရှောင်စခန်းတွေက မဲဆန္ဒရှင်တွေ မဲပေးခွင့်ရအောင်ဆောင်ရွက်မယ်

0
300

ကချင်ပြည်နယ်အတွင်းက IDP Camp စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ မဲဆန္ဒရှင်တွေ လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌ ဦးတင်အေးက ကချင်ပြည်နယ်အတွင်းက ကော်မရှင်အဆင့်ဆင် တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာဖြစ်ပါတယ်။

U Tin Aye 1

ဒီလိုပြောကြားတဲ့နေရာမှာတော့ နယ်မြေလုံခြုံမှုမရှိရငလည်း ရွေးကောက်ပွဲရွှေ့ဆိုင်းရမယ့်အကြောင်းနဲ့ လုံခြုံရေးအရ မဲရုံမဖွင့်နိုင်တဲ့ မဲဆန္ဒရှင်စာရင်းပြုစု ရရှိပြီး မဲဆန္ဒရှင်တွေကို လုံခြုံတဲ့နေရာမှာ မဲရုံဖွင့်လှစ်ပြီး ရွေးကောက်ပွဲတွေကို ဥပဒေအရ ပြုလုပ်နိုင်တယ်လို့လည်း ထည့်သွင်းပြောကြားလိုက်တာပါ။

မဲဆန္ဒရှင်တွေအနေနဲ့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေထိုင်ကြောင်း ပုံစံ (၃) က နဲ့ လျှောက်ထားရမှာ ဖြစ်ပြီး အဲ့လိုလျှောက်ထားလာရင် မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ တပ်မတော်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မဲဆန္ဒရှင်ပြည်သူအများအပြား IDP Camp စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေ ကြရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)