
0
109




မနှစ်ကထက် ၂၀၁၈ ခုနှစ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာသူ ၁၀ဝ ခန့် ပိုမိုများပြားလာ


၂၀၁၈ ခုနှစ်အတွင်း မြေမြှုပ်မိုင်းတွေ၊ စစ်လက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ တခြား လက်လုပ်ဖောက်ခွဲရေး ကိရိယာတွေကြောင့် ထိခိုက်နစ်နာသူ ၂၇၀ ကျော် ရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂၀ဝ၇ ခုနှစ်ကထက် လူဦးရေ ၁၀ဝ ခန့် ပိုမိုများပြားလာကြောင်း ယူနီဆက်ဖ်ရဲ့ သတင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ မြေမြှုပ်မိုင်းတွေနဲ့ တခြားပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူပေါင်းက ၂၀၁၇ ခုနှစ်မှာ ၁၇၆ ဦး ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကလေးငယ် ၅၆ ဦး အပါအဝင် လူဦးရေ ၂၇၆ ဦး ရှိခဲ့ပါတယ်။


မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနက် ဒေသ ကိုးခုမှာ မြေမြှုပ်မိုင်းတွေ၊ စစ်လက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ အခြား လက်လုပ်ဖောက်ခွဲရေး ကိရိယာတွေရဲ့ အန္တရာယ်ကို ကြုံတွေ့နေရပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က အများဆုံး ထိခိုက်ခဲ့တဲ့ ပြည်နယ်တွေ ဖြစ်ကြောင်း ယူနီဆက်ဖ်ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စ ဂျွန် ကူနူဂီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)