ေတာင္ကိုရီးယား သမၼတအတြက္ လံုေလာက္တဲ့ ရဲတပ္ဖြဲ႔အင္အားနဲ႔ လံုၿခံဳေရး ေဆာင္ရြက္ထား

0
81

ျမန္မာႏိုင္ငံကို သုံးရက္ၾကာ လာေရာက္မယ့္ ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းရဲ႕ ခရီးစဥ္အတြက္ လုံေလာက္တဲ့ ရဲတပ္ဖြဲ႔အင္အားနဲ႔ လုံၿခံဳေရး ေဆာင္ရြက္ထားေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီး မ်ိဳးသူစိုးက ေျပာပါတယ္။

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္အတြင္း သမၼတ ဦးဝင္းျမင့္၊ ႏုုိင္ငံေတာ္ အတုုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တုုိ႔နဲ႔ ေတြ႔ဆံုုဖုိ႔စီစဥ္ထားၿပီး ဒလၿမိဳ႕သစ္ ဖံြ႔ၿဖိဳးတုိးတက္ေရး ပူးေပါင္းေဆာင္ရြက္ေရး စီမံကိန္း နားလည္မႈ စာခြၽန္လႊာနဲ႔ ႏွစ္ႏုုိင္ငံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ အေပၚ အေျခခံတဲ့ နားလည္မႈ စာခြၽန္လႊာေတြကို လက္မွတ္ေရးထုိး သြားဖို႔ စီစဥ္ထားတာပါ။

သမၼတ မြန္ေဂ်အင္းဟာ ဒီကေန႔ စက္တင္ဘာ ၃ ရက္ေန႔မွာ ေနျပည္ေတာ္ကို ေရာက္ရွိၿပီး မနက္ျဖန္မွာ ရန္ကုန္ၿမိဳ႕ကို လာေရာက္မွာျဖစ္ပါတယ္။ စက္တင္ဘာလ ၅ ရက္ေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕ကေန လာအိုႏိုင္ငံကို ခရီးဆက္မွာ ျဖစ္ပါတယ္။

တောင်ကိုရီးယား သမ္မတအတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ လုံခြုံရေး ဆောင်ရွက်ထား


မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်မယ့် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ ခရီးစဉ်အတွက် လုံလောက်တဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ လုံခြုံရေး ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။


တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး ဒလမြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း နားလည်မှု စာချွန်လွှာနဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပေါ် အခြေခံတဲ့ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုး သွားဖို့ စီစဉ်ထားတာပါ။


သမ္မတ မွန်ဂျေအင်းဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိပြီး မနက်ဖြန်မှာ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ ရန်ကုန်မြို့ကနေ လာအိုနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)