
0
98




ကာမိုင်းမြို့နယ်မှာ တရားမဝင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ


ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။


လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၂ ရက်နေ့က ရှဒူဇွပ်ကျေးရွာရဲ့ အနောက်တောင်ဘက် ၃ မိုင်ခန့် အကွာနေရာ ဝန်းကျင်တစ်ဝိုက်ကို အရောက်မှာ တရားမဝင် ရွှေတူးဖော်ရာ အသုံးပြုတဲ့ ဘက်ဟိုးယာဉ် သုံးစီး၊ လေးလုံးထိုး အင်ဂျင်တစ်လုံး၊ ၂၅ဝ ဂါလန်ဆံ့ ဒီဇယ်ပီပါ ငါးလုံး၊ ပီပါခွံ ၁၃ လုံး၊ လည်ချောင်းပိုက် ၁ဝ လုံး၊ မျောစင်နှစ်ခုနဲ့ လူနေတဲ ၂၅ လုံးတို့ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။


သိမ်းဆည်းရမိတဲ့ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုတဲ့ ယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကာမိုင်း မြို့မရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံသွားမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)