
0
94




ရေစီးနဲ့ မျောပါသွားတဲ့ တံတားနေရာမှာ ဘေလီတံတားသစ် တည်ဆောက်ပေးမယ်

မိုးသည်းထန်စွာ ရွားသွန်းမှုကြောင့် ရေစီးနဲ့ မျောပါသွားတဲ့ တံတားတစ်စင်းနေရာမှာ ဘေလီတံတားသစ်ကို အခုရက်ပိုင်းအတွင်း အပြီး တည်ဆောက်ပေးမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည် – ပေါက်ခေါင်း – အုတ်တွင်း – တောင်ငူလမ်းပေါ်ရှိ မိုင်တိုင် (၁/၃၉) (၁၉၀) ပေ တံတားဟာ ရေစီးနဲ့ မျောပါခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ တံတားနေရာမှာ ပေအရှည် ၂၁၀ ရှိတဲ့ ဘေလီတံတားကို ပြန်လည် တည်ဆောက်ပေးနေပြီး စက်တင်ဘာလ ၆ ရက်နေ့မှာ အပြီး တည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)