
0
190


စက်တင်ဘာလ ၃ ရက်ေန့က သေဒဏ်ကျခံထားရတဲ့ မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် အားပေးစကား ပြောကြားခဲ့တာပါ။


သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦးကို ဗိုလ်ချုပ်ကြီး မြထွန်းဦး သွားရောက် အားပေးစကားပြော


ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်း လူသတ်မှုမှာ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရပြီး ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခြင်း ခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။


စက်တင်ဘာလ ၃ ရကေ်န့က သေဒဏ်ကျခံထားရတဲ့ မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်မှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် အားပေးစကား ပြောကြားခဲ့တာပါ။


ထိုင်းဘုရင်မင်းမြတ်ဆီကို အယူခံဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ကူညီဆောင်ရွက်ပေးနေကြောင်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးဖို့ ပြောကြားထား အားပေးစကား ပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)