အျမန္လမ္း ရဲစခန္းတပ္ဖြဲ႔ဝင္ကို သတ္ၿပီး ဆိုင္ကယ္လုသူကို ဖမ္းမိ

0
125

ဇီးပင္သာ အျမန္လမ္းမႀကီး ရဲစခန္းက တပ္ဖြဲ႔ဝင္တစ္ဦးကို သတ္ၿပီး ဆိုင္ကယ္လုယူမႈနဲ႔ အလိုရွိေနတဲ့သူ တစ္ဦးကို ဖမ္းမိၿပီလို႔ ပဲခူးတိုင္းေဒသႀကီးရဲတပ္ဖြဲ႔က ၾသဂုတ္လ ၃၁ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔ ညေန ၅ နာရီေက်ာ္မွာ ျဖဴးၿမိဳ႕နယ္၊ ကညြတ္ကြင္း နယ္ေျမရဲစခန္းရွိ ရဲတပ္ဖြဲ႔ဝင္ေတြက နယ္ေျမသတင္း စံုစမ္းေနစဥ္ ကြင္းအေရွ႕ (၂) ရက္ကြက္ရွိ မိႆလင္ လမ္းမေပၚကို သတင္းအရ စစ္ေဆးခဲ့ပါတယ္။ 

ရဲတပ္ဖြဲ႔ဝင္တစ္ဦးကို သတ္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ေတာင္ငူၿမိဳ႕၊ ေနပူကုန္းေက်းရြာေန မင္းကိုလတ္ (ခ) ေနထက္လင္းကို ဖမ္းမိခဲ့ၿပီး ဇီးပင္သာ အျမန္လမ္း ရဲစခန္းကို လႊဲေျပာင္းေနပါတယ္။

အမြန်လမ်း ရဲစခန်းတပ်ဖွဲ့ဝင်ကို သတ်ပြီး ဆိုင်ကယ်လုသူကို ဖမ်းမိ


ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းက တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ပြီး ဆိုင်ကယ်လုယူမှုနဲ့ အလိုရှိနေတဲ့သူ တစ်ဦးကို ဖမ်းမိပြီလို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ဖြူးမြို့နယ်၊ ကညွတ်ကွင်း နယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေသတင်း စုံစမ်းနေစဉ် ကွင်းအရှေ့ (၂) ရက်ကွက်ရှိ မိဿလင် လမ်းမပေါ်ကို သတင်းအရ စစ်ဆေးခဲ့ပါတယ်။


ရဲတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တောင်ငူမြို့၊ နေပူကုန်းကျေးရွာနေ မင်းကိုလတ် (ခ) နေထက်လင်းကို ဖမ်းမိခဲ့ပြီး ဇီးပင်သာ အမြန်လမ်း ရဲစခန်းကို လွှဲပြောင်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)