ႏိုင္ငံ ေလးခုက ကမာၻလွည့္ ခရီးသြားေတြအတြက္ ဗီဇာကင္းလြတ္ခြင့္ ထပ္တိုးမယ္

0
79

ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္နဲ႔ အိႏၵိယႏိုင္ငံတို႔က ကမာၻလွည့္ ခရီးသည္ေတြအတြက္ ဗီဇာကင္းလြတ္ခြင့္နဲ႔ ဆိုက္ေရာက္ဗီဇာ စမ္းသပ္ခြင့္ျပဳမႈကို ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာနက တစ္ႏွစ္ထပ္တိုး ေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္။

ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္ရဲ႕ ေဟာင္ေကာင္နဲ႔ မကာအိုက ခရီးသည္ေတြအတြက္ ဗီဇာကင္းလြတ္ခြင့္နဲ႔ ဆိုက္ေရာက္ဗီဇာ စမ္းသပ္ခြင့္ျပဳမႈကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္အထိ တစ္ႏွစ္တာ စမ္းသပ္ခြင့္ျပဳခဲ့ပါတယ္။ အခု ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ တိုးခ်ဲ႕ ခြင့္ျပဳမွာ ျဖစ္ပါတယ္။

အိႏၵိယက ခရီးသြားေတြအတြက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ စတင္ ခြင့္ျပဳခဲ့ပါတယ္။ အခု ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔ကေန ၂၀၂၀ ျပည့္ႏွစ္၊ ႏုိဝင္ဘာလ ၃၀ ရက္အထိ တိုးခ်ဲ႕ ခြင့္ျပဳမွာပါ။

နိုင်ငံ လေးခုက ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် ထပ်တိုးမယ်


ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ ဆိုက်ရောက်ဗီဇာ စမ်းသပ်ခွင့်ပြုမှုကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တစ်နှစ်ထပ်တိုး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။


ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်ရဲ့ ဟောင်ကောင်နဲ့ မကာအိုက ခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ ဆိုက်ရောက်ဗီဇာ စမ်းသပ်ခွင့်ပြုမှုကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တစ်နှစ်တာ စမ်းသပ်ခွင့်ပြုခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တိုးချဲ့ ခွင့်ပြုမှာ ဖြစ်ပါတယ်။


အိန္ဒိယက ခရီးသွားတွေအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ခွင့်ပြုခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ တိုးချဲ့ ခွင့်ပြုမှာပါ။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)