
0
150




တောင်ကိုရီးယားက မြန်မာကို အမေရိကန် ဒေါ်လာ သန်း ၁၀ဝ၀ ချေးမယ်


တောင်ကိုရီးယားက မြန်မာနိုင်ငံအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေကနေ အမေရိကန် ဒေါ်လာ သန်း ၁၀ဝ၀ ချေးပေးမှာ ဖြစ်ပါတယ်။


မနေ့ စက်တင်ဘာလ ၃ ရက် နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ မစ္စတာ မွန်ဂျေအင်းက အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။


ဒါ့အပြင် Myanmar Development Institute (MDI) နဲ့ Myanmar Trade Promotion Organization တို့ကိုလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း တောင်ကိုရီးယားနိုင်ငံရဲ့ အတွေ့အကြုံကောင်းတွေကို ဆက်လက် မျှဝေသွားမယ်လို့ သမ္မတ မစ္စတာ မွန်ဂျေအင်းက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)