ဖက္ဒရယ္ကို က်င့္သုံးႏိုင္ရင္ လက္နက္ကိုင္ ပဋိပကၡေတြ ေလ်ာ့နည္းသြားမယ္လို႔ သူရဦးေရႊမန္းေျပာ

0
146

ဖက္ဒရယ္ကို က်င့္သုံးေဆာင္ရြက္ႏိုင္ပါက လက္နက္ကိုင္ပဋိပကၡေတြ ေလ်ာ့နည္းသြားၿပီး ၿငိမ္းခ်မ္းေရး၊ တရားဥပေဒ စိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ ႏိုင္ငံစီးပြားေရး၊ ျပည္သူေတြရဲ႕ စားဝတ္ေနေရး၊ လူမႈေရး ဆိုင္ရာ ကိစၥရပ္ေတြ ပိုမိုတိုးတက္ ေကာင္းမြန္လာမွာျဖစ္ေၾကာင္း ျပည္ေထာင္စု ေကာင္းက်ဳိးေဆာင္ပါတီ ဥကၠ႒ သူရဦးေရႊမန္းက ေျပာပါတယ္။

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕႐ွိ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီနဲ႔ လြိဳင္ေကာ္ၿမိဳ႕နယ္က ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေတြ႔ဆုံပြဲမွာ  ပါတီဥကၠ႒ သူရဦးေရႊမန္းက အခုလို ေျပာဆိုခဲ့တာပါ။

ဖက္ဒရယ္ဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ တန္းတူညီမၽွ အခြင့္အေရး၊ လုပ္ပိုင္ခြင့္အာဏာနဲ႔ သယံဇာတေတြကို ျပည္ေထာင္စုနဲ႔  တိုင္းေဒသႀကီး၊ ျပည္နယ္တို႔က ဥပေဒနဲ႔ အခ်ိဳးက်က် မွ်မွ်တတ ခြဲေဝ သတ္မွတ္ အသံုးျပဳျခင္းျဖစ္ၿပီး ဗဟိုဦးစီးခ်ဳပ္ကိုင္မႈကို ေလွ်ာ့ခ်ကာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြရဲ႕ လုပ္ပိုင္ခြင့္ တိုးတက္ရ႐ွိလာတာေၾကာင့္ ျမန္ဆန္ထိေရာက္ အက်ိဳး႐ွိစြာ ေဆာင္ရြက္ႏိုင္မွာ ျဖစ္တယ္လို႔  ပါတီ ဥကၠ႒ သူရဦးေရႊမန္းက ေျပာပါတယ္။

ဖက်ဒရယ်ကိုကျင့်သုံးနိုင်ရင် လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားမယ်လို့ သူရဦးရွှေမန်းပြော


ဖက်ဒရယ်ကို ကျင့်သုံးဆောင်ရွက်နိုင်ပါက လက်နက်ကိုင်ပဋိပက္ခတွေ လျော့နည်းသွားပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံစီးပွားရေး၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး ဆိုင်ရာ ကိစ္စရပ်တွေ ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။


ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနဲ့ လွိုင်ကော်မြို့နယ်က မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အခုလို ပြောဆိုခဲ့တာပါ။


ဖက်ဒရယ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှ အခွင့်အရေး၊ လုပ်ပိုင်ခွင့်အာဏာနဲ့ သယံဇာတတွေကို ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တို့က ဥပဒေနဲ့ အချိုးကျကျ မျှမျှတတ ခွဲဝေ သတ်မှတ် အသုံးပြုခြင်းဖြစ်ပြီး ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် တိုးတက်ရရှိလာတာကြောင့် မြန်ဆန်ထိရောက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)