ဖမ္းဆီးၿပီး အဆက္အသြယ္ ျဖတ္ေတာက္ထားမႈအေပၚ စိုးရိမ္ေၾကာင္း ယန္ဟီးလီ ေျပာ

0
132

ေသာင္းက်န္းသူအျဖစ္ သံသယရွိသူေတြကို ဖမ္းဆီးၿပီး အဆက္အသြယ္ ျဖတ္ေတာက္ထားမႈအေပၚ စိုးရိမ္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ကြ်မ္းက်င္သူေတြက ေျပာပါတယ္။

AA ရခိုင္လက္နက္ကိုင္ အဖြဲ႔နဲ႔ တပ္မေတာ္တို႔ ၂၀၁၈ ခုႏွစ္ကစၿပီး တိုက္ပြဲေတြ ျဖစ္ေနပါတယ္။ လူ႔အခြင့္အေရး ကြ်မ္းက်င္သူေတြ ျဖစ္တဲ့ ယန္ဟီးလီ၊ အဂၢနက္စ္ ေကာ္လာမတ္နဲ႔ နီးလ္ မယ္လ္ဇာတို႔က မၾကာေသးမီက ပဋိပကၡေတြအတြင္း ဖမ္းဆီးထိန္းသိမ္းခံရၿပီး အဆက္အသြယ္ မရတဲ့သူေတြကိစၥ၊ ဖမ္းဆီးစစ္ေဆးေနစဥ္ ေသဆံုးမႈေတြကို စိုးရိမ္ေၾကာင္း ေျပာပါတယ္။

အဆက္အသြယ္ ျဖတ္ေတာက္ ဖမ္းဆီးမိေတြကို အျမန္ဆံုး အဆံုးသတ္ဖို႔ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကို အစီရင္ခံစာ တင္တဲ့ သူတို႔ သံုးဦးက ေျပာပါတယ္။

ဖမ်းဆီးပြီး အဆက်အသွယ် ဖြတ်တောက်ထားမှုအပေါ် စိုးရိမ်ကြောင်း ယန်ဟီးလီ ပြော


သောင်းကျန်းသူအဖြစ် သံသယရှိသူတွေကို ဖမ်းဆီးပြီး အဆက်အသွယ် ဖြတ်တောက်ထားမှုအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။


AA ရခိုင်လက်နက်ကိုင် အဖွဲ့နဲ့ တပ်မတော်တို့ ၂၀၁၈ ခုနှစ်ကစပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေ ဖြစ်တဲ့ ယန်ဟီးလီ၊ အဂ္ဂနက်စ် ကော်လာမတ်နဲ့ နီးလ် မယ်လ်ဇာတို့က မကြာသေးမီက ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး အဆက်အသွယ် မရတဲ့သူတွေကိစ္စ၊ ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးမှုတွေကို စိုးရိမ်ကြောင်း ပြောပါတယ်။


အဆက်အသွယ် ဖြတ်တောက် ဖမ်းဆီးမိတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်တဲ့ သူတို့ သုံးဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)