မီးတိုက်ရွာ ကင်းစခန်းကို ARSA အကြမ်းဖက်အဖွဲ့ လာရောက် တိုက်ခိုက်

0
360

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက လုပ်သေနတ်တွေနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်မှု စက်တင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီမှာ ဖြစ်ပွားခဲ့ပါတယ်။

ARSA အကြမ်းဖက် သမား ၂၀ ခန့်က မီးတိုက်ရွာ ကင်းစခန်းကို လာရောက်ပစ်ခတ်တာဖြစ်ပြီး နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှုအပြီးမှာ အစွန်းရောက် အကြမ်းဖက်သမားတွေ ပြန်လည် ဆုတ်ခွာသွားပါတယ်။

အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ တူးမီးသေနတ် ၁ လက်၊ ခဲသီး ၈ လုံး၊ ယမ်းဗူး ၂ ဗူး၊ ဓားကောက် ၁ လက်၊ ဓာတ်မီး ၁ လက်တို့ သိမ်းဆည်းရမိတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

သင်္ဘောကွေ့ကျေးရွာမှာ နယ်မြေရှင်းလင်းရာမှာလည်း ARSA အကြမ်းဖက်သမား ၃၀ ခန့်နဲ့ ထိတွေ့မှု ဖြစ်ခဲ့ပြီး လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)