လယ်ယာမြေ အငြင်းပွားနေတဲ့ ကုမ္ပဏီပိုင် ကျွန်းစိုက်ခင်းကိစ္စ တောင်သူတွေကို စိစစ်ပြီး ပေးသွားမယ်

0
314

 ပဲခူးတိုင်းဒေသကြီးအနောက် ပန်တောင်းမြို့နယ် ဖန်ခါးပင်ကြိုးဝိုင်းထဲက NRDCကုမ္ပဏီက ကျွန်းစိုက်ခင်းအဖြစ်လုပ်ကိုင်နေတဲ့  လုပ်ငန်းမအောင်မြင်တဲ့ မြေနေရာတွေကို လယ်သမားတွေပြန်ပေးဖို့  စီစစ်ပေးမယ်လို့ ပဲခူးတိုင်းဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။

“ကုမ္ပဏီကသစ်တောမြေကိုယူထားတာ အဲ့တော့ကျနော်တို့ သေချာပြန်လည်စစ်ဆေးပြီး ကုမ္ပဏီဆီကနေ သူ့ဥပဒေအရ ကျနော်တို့ပြန်ကြည့်မယ် ပြန်ကြည့်ပြီးတော့ သူတို့မအောင်မြင်တဲ့အပိုင်းတွေကို ပြန်သိမ်းမယ် ပြီးရင်လယ်သမားတွေကို ပြန် ပေးဖို့ပြောထားပါတယ်”လို့  ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက လယ်သမားတွေကိုပြောဆိုခဲ့တာပါ။

လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွား နေတာတွေရှိနေတာကို  စက်တင်ဘာ၃ရက်နေ့ ပြည်မြို့ကို ဝန်ကြီးချုပ်လာရောက်ခဲ့စဉ်မှာ ကြာအင်းရွာဒေသခံလယ်သမားတွေက သွားရောက်တွေဆုံ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

လယ်ယာမြေ အငြင်းပွားမူဖြစ်နေတဲ့အမှုကြောင့်  ကုမ္ပဏီဘက်က ၂၀၁၄ ခုနှစ်မှာ  ကြာအင်းကျေးရွာက တောင်သူ ၁၂ဦးကို တရားစွဲဆိုခဲ့ပြီး  တောင်သူတွေကိုတရားရုံးက ထောင်ဒဏ်၆လကနေ သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒါအပြင် ၂၀၁၇ သြဂုတ်လမှာ  လယ်သမား ၃ဦးကို ထပ်မံတရားစွဲခံရပြီး ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)