ရခိုင်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၂၄,၀၀၀ ကျော် ရှိလာ

0
305

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးလာရသူပေါင်း ၂၄,၀၀၀ ကျော် ရှိလာပြီလို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဘူးသီးတောင်မြို့နယ်က လူဦးရေ ၈၀၀၀ ကျော် ၊ မောင်တောက ၁၂၀၀၀ ကျော်၊ ရသေ့တောင်က ၈၀၀ ကျော်၊ ပုဏားကျွန်းက ၁၀၀ ကျော်၊ စစ်တွေက ၂၄၀၀ ကျော်၊ကျောက်တော်က ၂၅၀ ကျော်၊ မင်းပြားက ၄၀ ကျော်နဲ့ မြောက်ဦးက ၃၀ ကျော် စုစုပေါင်း ၂၄၀၀၀ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြ တာဖြစ်ပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို အစိုးရ၊ တပ်မတော်နဲ့ လူမှုရေးအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ ပေးနေကြပြီး ရေရှည်မှာ အခက်အခဲရှိနိုင်တယ်၊ လတ်တလောမှာ ကျန်းမာရေးပြသနာရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)