ထိုင်းမှာ ရေကြီးလို့ နှစ်ဦးသေ၊ မုန်တိုင်းက မြန်မာနိုင်ငံဘက် ရွေ့လျား

0
253

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ် ၁၈ ခုမှာ ဆင်လာကူ အပူပိုင်း မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးလို့ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့က ကျေးလက်ဒေသပိုင်းတွေမှာ နေအိမ်တွေပေါ်ကို ရွှံ့တွေ ပြိုကျတာ၊ တောင်ပေါ်က ရေတွေ စီးဆင်းတာတွေ ကြုံခဲ့ရပါတယ်။

သဘာဝဘေးဒဏ် ခံရတဲ့ အဆိုးဆုံးပြည်နယ်ဖြစ်တဲ့ လိုအယ်မှာ ရေဘေးသင့်သူတွေကို စစ်သားတွေက မော်တော်ဘုတ်နဲ့ သွားရောက်ပြီး ကူညီကယ်ဆယ်တာ၊ အကူအညီပစ္စည်းတွေ ထောက်ပံ့တာ လုပ်ခဲ့ပါတယ်။

သြဂုတ်လ ၃ ရက်နေ့မှာတော့ ဒေသခံတွေက မုန်တိုင်းကြောင့် ကျွတ်ထွက်သွားတဲ့ သစ်ပင်တွေ၊ လဲကျသွားတဲ့ ဓာတ်တိုင်တွေ၊ ခေါင်မိုး အပျက်အစီးတွေ ရှင်းလင်းဖယ်ရှားခဲ့ကြပါတယ်။

ရေကြီးလာတာ အလွန်မြန်လွန်းတဲ့အတွက် မိသားစုတွေဟာ ဘာမှ သယ်ယူနိုင်ခြင်း မရှိကြောင်း မုန်တိုင်းဒဏ် ခံရသူ မစ္စ ရတ်တီယာ ပါနစ်က ပြောပါတယ်။

ဆင်ကူလာ မုန်တိုင်းကြောင့် သြဂုတ်လ ၂ ရက်နေ့က လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း တိုက်ခတ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။


_________________

_________________

ထိုင်းမှာ ရေကြီးလို့ နှစ်ဦးသေ၊ မုန်တိုင်းက မြန်မာနိုင်ငံဘက် ရွေ့လျား

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ပြည်နယ် ၁၈ ခုမှာ ဆင်လာကူ အပူပိုင်း မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးလို့ အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အိမ်ခြေ ရာနဲ့ချီ ပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြဂုတ်လ ၂ ရက်နေ့က ကျေးလက်ဒေသပိုင်းတွေမှာ နေအိမ်တွေပေါ်ကို ရွှံ့တွေ ပြိုကျတာ၊ တောင်ပေါ်က ရေတွေ စီးဆင်းတာတွေ ကြုံခဲ့ရပါတယ်။

သဘာဝဘေးဒဏ် ခံရတဲ့ အဆိုးဆုံးပြည်နယ်ဖြစ်တဲ့ လိုအယ်မှာ ရေဘေးသင့်သူတွေကို စစ်သားတွေက မော်တော်ဘုတ်နဲ့ သွားရောက်ပြီး ကူညီကယ်ဆယ်တာ၊ အကူအညီပစ္စည်းတွေ ထောက်ပံ့တာ လုပ်ခဲ့ပါတယ်။

သြဂုတ်လ ၃ ရက်နေ့မှာတော့ ဒေသခံတွေက မုန်တိုင်းကြောင့် ကျွတ်ထွက်သွားတဲ့ သစ်ပင်တွေ၊ လဲကျသွားတဲ့ ဓာတ်တိုင်တွေ၊ ခေါင်မိုး အပျက်အစီးတွေ ရှင်းလင်းဖယ်ရှားခဲ့ကြပါတယ်။

ရေကြီးလာတာ အလွန်မြန်လွန်းတဲ့အတွက် မိသားစုတွေဟာ ဘာမှ သယ်ယူနိုင်ခြင်း မရှိကြောင်း မုန်တိုင်းဒဏ် ခံရသူ မစ္စ ရတ်တီယာ ပါနစ်က ပြောပါတယ်။

ဆင်ကူလာ မုန်တိုင်းကြောင့် သြဂုတ်လ ၂ ရက်နေ့က လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း တိုက်ခတ်ခဲ့ပြီး  ဗီယက်နမ်နိုင်ငံမှာ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။   

သြဂုတ်လ ၃ ရက်နေ့မှာ မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ရွေ့လျားသွားတယ်လို့ ထိုင်း မိုးလေသဝဌာနက ပြောပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)