ဂျာမနီနိုင်ငံမှာ ၂ လကြာ သောင်တင်နေတဲ့ မြန်မာသင်္ဘောသားတွေကို ပြန်ခေါ်

0
258

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ရပ်နားဆိုက်ကပ်ထားတဲ့ AIDAperla နဲ့ AIDAblu သင်္ဘောပေါ် ၂ လခန့်ကြာ သောင်တင်နေတဲ့ မြန်မာသင်္ဘောသား ၈၉ ဦးနဲ့ ဂျာမနီနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၉၅ ဦးဟာ ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီက စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ဇွန်လ ၄ ရက် ဒီကနေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနဲ့ ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

နိုငငြံတကာ ခရီးသညတြငလြယောဉမြွား ပွံသနြးမှု ယာယီ ရပဆြိုငြးထားခှငြးကှောင့ြ ပှညပြနိုငငြံတှမှော အခကအြခဲ ကှုံတှေ့နရတေဲ့ မှနမြာနိုငငြံသားတှကေို ကယဆြယရြေး လယောဉတြှေ၊ အထူးလယောဉတြှနေဲ့ မှနမြာနိုငငြံကို ပှနလြညြ ခေါဆြောငပြေးနပှေီး ဒီနေ့အခွိနအြထိ မှနမြာနိုငငြံသားစုစုပေါငြး ၂၉၂၉ ဦးကို မှနမြာနိုငငြံကို ပှနလြညြ ခေါဆြောငပြေးခဲ့တာ ဖှဈတယလြို့ နိုငငြံခှားရေး ဝနကြှီးဌာနက သတငြး ထုတပြှနထြားပါတယြ။

____________________

____________________


ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ ရပ်နားဆိုက်ကပ်ထားတဲ့ AIDAperla နဲ့ AIDAblu သင်္ဘောပေါ် ၂ လခန့်ကြာ သောင်တင်နေတဲ့ မြန်မာသင်္ဘောသား ၈၉ ဦးနဲ့ ဂျာမနီနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၆ ဦး၊ စုစုပေါင်း ၉၅ ဦးဟာ ဂျာမနီနိုင်ငံရှိ AIDA ကုမ္ပဏီက စီစဉ်ပေးတဲ့ အထူးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ဇွန်လ ၄ ရက် ဒီကနေ့မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနဲ့ ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်ပေးနေပြီး ဒီနေ့အချိန်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၂၉၂၉ ဦးကို မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)