ငွေကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိ

0
436

စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့မှာ ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ကွင်းဆက် တရားခံတွေကိုပါ ဆက်လက် ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ ခမ်းပါတ်မြို့၊ တမူး-ကလေး သွားလမ်း၊ ကလေးမြို့ဘက်ကနေ ခမ်းပါတ်မြို့ဘက်ကို တမူးမြို့၊ မြို့မ ၁၂ ရပ်ကွက် နေသူများဖြစ်တဲ့ အောင်အောင် (၃၀ နှစ်) မောင်းနှင်ပြီး ဒေါ်မော် (၅၀ နှစ်) စီးနင်း လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်က ဆာလာအိတ် ၁ လုံးအား လမ်းဘေး ခြုံပုတ်အတွင်းကို ပစ်ချလိုက်လို့ အဲဒီအထုတ်ကို စစ်ဆေးရာ ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၄ ဒသမ ဝ၉၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၅၅ ဒသမ ၂ သိန်း) နဲ့ လက်ကိုင်ဖုန်း ၃ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ကွင်းဆက်ပေါ်ပေါက်ချက်အရ ပူးပေါင်းပါဝင်သူများဖြစ်တဲ့ တမူးမြို့၊ စော်ဘွားလေးရပ်ကွက်နေ ကျင်ဆွင်ခိုင် (ခ) ကိုခိုင် ၄၈ နှစ်ကို ဇွန်လ ၃ ရက်နေ့မှာ နေအိမ်အတွင်း လက်ကိုင်ဖုန်း ၁ လုံးနဲ့ လည်းကောင်း၊ အဲဒီနေ့ ၁၁ နာရီခွဲ အချိန်မှာ ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်နေ ကျုံးအုပ်ထန်း (၂၅ နှစ်) ကို ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့ လမ်းပေါ်မှာ မြန်မာငွေ ၉ ဒသမ ၄ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒါကှောင့ြ ခမြးပါတနြယမြှေ ရဲစခနြးမှာ မူးယဈဆေးဝါးနှင့ြ စိတကြိုပှောငြးလဲစတေဲ့ ဆေးဝါးမွားဆိုငရြာ ဥပဒနေဲ့ အမှုဖှင့ြ အရေးယူထားပှီး ကှငြးဆကတြှကေိုပါ ဖောထြုတစြဈဆေးနပေါတယြ။

_______________________

_______________________


စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့မှာ ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ကွင်းဆက် တရားခံတွေကိုပါ ဆက်လက် ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ ခမ်းပါတ်မြို့၊ တမူး-ကလေး သွားလမ်း၊ ကလေးမြို့ဘက်ကနေ ခမ်းပါတ်မြို့ဘက်ကို တမူးမြို့၊ မြို့မ ၁၂ ရပ်ကွက် နေသူများဖြစ်တဲ့ အောင်အောင် (၃၀ နှစ်) မောင်းနှင်ပြီး ဒေါ်မော် (၅၀ နှစ်) စီးနင်း လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် ယာဉ်ပေါ်က ဆာလာအိတ် ၁ လုံးအား လမ်းဘေး ခြုံပုတ်အတွင်းကို ပစ်ချလိုက်လို့ အဲဒီအထုတ်ကို စစ်ဆေးရာ ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၄ ဒသမ ဝ၉၂ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၄၅၅ ဒသမ ၂ သိန်း) နဲ့ လက်ကိုင်ဖုန်း ၃ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ 

ကွင်းဆက်ပေါ်ပေါက်ချက်အရ ပူးပေါင်းပါဝင်သူများဖြစ်တဲ့ တမူးမြို့၊ စော်ဘွားလေးရပ်ကွက်နေ ကျင်ဆွင်ခိုင် (ခ) ကိုခိုင် ၄၈ နှစ်ကို ဇွန်လ ၃ ရက်နေ့မှာ နေအိမ်အတွင်း လက်ကိုင်ဖုန်း ၁ လုံးနဲ့ လည်းကောင်း၊ အဲဒီနေ့ ၁၁ နာရီခွဲ အချိန်မှာ ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်နေ ကျုံးအုပ်ထန်း (၂၅ နှစ်) ကို ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့ လမ်းပေါ်မှာ မြန်မာငွေ ၉ ဒသမ ၄ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒါကြောင့် ခမ်းပါတ်နယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တွေကိုပါ ဖော်ထုတ်စစ်ဆေးနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)