NLD အစိုးရ စေတနာမှန်သလို လုပ်နည်းလုပ်ဟန်တွေ မှန်ဖို့လိုဟု သူရဦးရွှေမန်းဆို

0
358

NLD အစိုးရအနေနဲ့ စေတနာမှန်သလို လုပ်နည်းလုပ်ဟန်တွေလည်း မှန်ဖို့လိုအပ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

ဇွန်လ ၄ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် သူရ ဦးရွှေမန်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ စေတနာမှန်သလို လုပ်နည်း လုပ်ဟန်တွေ မှန်ကန်မှုမရှိရင် စေတနာမှန်တယ်ဆိုတာကို ယုံကြည်မှု လျော့နည်းလာတတ်ကာ ယုံကြည်မှုလျော့နည်းလာရင် ပူးပေါင်းလုပ်ဆောင်မှုတွေပါ အားပျော့ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားနိုင်တယ်လို့လည်း ပြောကြားထားတာပါ။

ဒါအပြင် ပူးပေါင်းဆောင်ရွက်မှု မကောင်တော့ရင် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ခက်ခဲလိမ့်မယ်လို့လည်း သတိပေးပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)