ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် လူနေအိမ်ပေါင်း ၁ သောင်း ၆ ကျော် ပျက်စီးခဲ့

0
323

ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် မြန်မာနိုင်ငံအတွင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၃ ခုမှာ လူနေအိမ် အလုံးပေါင်း ၁ သောင်း ၆ ကျော် ပျက်စီးခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းဓာတ်ပုံ – NYUNT WIN (EPA/MYANMAR)

မေလ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်ရှိ မြို့ ၁၅ မြို့မှာ နေအိမ်ပေါင်း ၁ သောင်းခွဲကျော်ပျက်စီးခဲ့ရတာပါ။

ချင်းပြည်နယ်အတွင်းက မြို့ ၈ မြို့မှာတော့ နေအိမ်ပေါင်း ၃၅၀ ကျော်နဲ့ ဧရာဝတီတေိုင်းဒေသကြီးထဲက မြို့ပေါင်း ၇ မြို့မှာ နေအိမ်ပေါင်း ၁၇၀ ကျော် ပျက်စီးခဲ့တာလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက သတင်းထုတ်ထားတာပါ။

ဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၀၀ နီးပါးလည်း ပျက်ဆီးခဲ့ရသလို ရခိုင်ပြည်နယ် တစ်ခုထဲမှာတင် စာသင်ကျောင်းအပါအ၀င် ဌာနဆိုင်ရာအဆောက်အအုံပေါင်း ၃၇၀ ကျော်လည်း ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒီလို မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့ ကျပ်ငွေ သိန်း ၄၆၀ ကျော် ထောက်ပံ့ထားပြီး ထပ်မံထောက်ပံ့သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)