မဲခေါင်စာပေဆုရ ဥစ္စာစောင့်နတ်နှင့် အခြားဝတ္ထုတိုများစာအုပ် အကြောင်းဆွေးနွေး

0
439

အခုနှစ်အတွက် မဲခေါင်စာပေဆု ရရှိခဲ့တဲ့ စာရေးဆရာ ညိုထွန်းလူဟာ ဆုရရှိခဲ့တဲ့ စာအုပ်ဖြစ်တဲ့ ဥစ္စာစောင့်နတ်နှင့် အခြားဝတ္ထုတိုများစာအုပ် အကြောင်းနဲ့ ဆုရရှိခဲ့တဲ့အကြောင်းတွေကို ပြန်လည် ဆွေးနွေး ပြောကြားခဲ့တာပါ။

ဆရာညိုထွန်းလူ ရဲ့ နေရပ်ဖြစ်တဲ့ မန္တလေးမြို့ မှာပဲပြုလုပ်ခဲ့တာဖြစ်ပြီး သတင်းမီဒီယာ တစ်ချို့နဲ့ စိတ်ဝင်စားသူတွေ လာရောက်ခဲ့ကြပါတယ်။ဆရာညိုထွန်းလူဟာ မဲခေါင်စာပေဆု ခြောက်နိုင်ငံ ဆုပေးပွဲ ခုကြိမ်မြောက်မှာ ၀တ္တူတိုဆုကိုရရှိခဲ့တာပါ။ ဒီဆုပေးပွဲမှာ မြန်မာနိုင်ငံက နောက်ထပ် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ တင်အောင်ရွှေ က ၀တ္တူရှည်ဆုကို ရရှိခဲ့ပါသေးတယ်။ ဒီဆုဟာ မြန်မာ ကန်ဘောဒီးယား လာအို ဗီယက်နမ် ထိုင်း ၊ တရုတ် စတဲ့ ခြောက်နိုင်ငံ က စာရေးဆရာပေါင်း ၁၀၀ ကျော်ရဲ့ စာပေတွေကို စီစစ်ပြီး စာရေးဆရာ ၁၂ ယောက်အတွက် ဆုအမျိုးအစား ၁၂ ခု ကို ချီးမြင့်ပေးအပ်တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)