နှာခေါင်းစည်း (Mask) မတပ်ရင် ဒဏ်ငွေရိုက်တာမျိုးနဲ့ ကိုင်တွယ်သင့်ပါသလား

0
1022

ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံနေတဲ့ ရန်ကုန်မြို့က လမ်းမတွေ၊ စျေးတွေ၊ ရပ်ကွက်တွေထဲမှာ နှားခေါင်းစည်း(Mask) အသုံးမပြုဘဲ သွားလာနေသူတွေ နှားခေါင်းစည်း မတပ်ဘဲ စျေးရောင်းချသူတွေ များပြားလာ နေတာကို တွေ့ရှိနေရပါတယ်။ COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို ပြည်သူတွေအနေနဲ့ မဖြစ်မနေလိုက်နာဖို့ စည်းကမ်း တင်းကျပ်ဖို့ လိုပြီလို့ ထောက်ပြဝေဖန်မှုတွေရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသပြီး မဲဆန္ဒနယ် အခြေပြု လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို MCN TV သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးရန်ရှင်း (မရမ်းကုန်းမဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာ နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီနဲ့အရပ်ဖက် အဖွဲ့အစည်းတွေက တင်းတင်းကျပ်ကျပ် ပြောကြပါတယ်။ လိုက်နာဆောင်ရွက်မှု အားနည်းတာတော့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ပြောချင်တာတော့ စနစ်တကျလိုက်နာဖို့ပါ။

နှာခေါင်းစည်း မတပ်ရင် စျေးထဲမဝင်ရတာမျိုးတွေ လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ လုပ်ဆောင်နေရတဲ့ လုပ်ငန်းတာဝန်တွေ အရမ်းများနေတာ ကျွန်တော်တို့သိပါတယ်။ အဲ့လိုမျိုး တင်းတင်းကျပ်ကျပ် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့အနေနဲ့ အစိုးရကို ထွေထွေထူးထူး တော့ မတိုက်တွန်းချင်ပါဘူး။ အစိုးရကိုယ်တိုင်ကလည်း ဖိဖိစီးစီးနဲ့ လုပ်ဆောင်နေတဲ့ အတိုင်းအတာလေးတွေ တွေ့ရှိနေရပါတယ်။

ဦးလှဌေး (မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အဓိက က လူတွေက နားလည်ဖို့ပဲ။ နှာခေါင်းစည်း မသုံးဘူး၊ မျက်နှာကာ မသုံးဘူးဆိုရင် ကိုယ့်အတွက် အန္တာရယ် ဘယ်လောက်ရှိတယ် ကိုယ့်မိသားစုအတွက် အန္တာရယ် ဘယ်လောက်ရှိတယ်ဆိုတာ သေသေချာချာ နားလည်ထားဖို့ သတိထားဖို့က ပထမ အရေးကြီးဆုံးပဲ။ လူအများစုက ဒါတွေကို သတိမထားမိဘူး။ ပေါ့ပေါ့ပဲနေပြီး ဒါမတပ်လို့လည်း ဘာမှမဖြစ်ဘူးဆိုပြီး သွားနေကြတဲ့ အနေအထာမျိုး ဖြစ်နေတာပေါ့။ အခု ရောဂါကူးစက်မှုက Positive ဧရိယာကဘဲများတယ်။

Quarantine ဧရိယာကဘဲများတယ်။ Public နေရာတွေက မဟုတ်ကျတော့ လူတွေက ပိုပြီးပေ့ါစလာတာ မျိုးဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ဆီမှာက တင်းတင်းကျပ်ကျပ်ထိန်းမှ ရနိ်ုင်မယ်ဆိ်ုတဲ့ အနေအထားမျိုးလို့ပဲ သုံးသပ်ရမှာပါ။ သို့သော်လည်း ဒီလောက် ကိစ္စလေးကို ပြည်သူ့လူထုပေါ်မှာ တင်းတင်းကျပ်ကျပ်လုပ်ရမယ် ဆိုတော့လည်း အစိုးရဘက်ကလည်း စဉ်းစားစရာတော့ ရှိတာပေါ့။ အမိန့်နဲ့ကိုင်တွယ်တဲ့ ကိစ္စမျိုးက စဉ်စားစရာရှိတာပေါ့။ တကယ်တမ်းတော့ စျေးထဲကိုဝင်ရင် နှားခေါင်းစည်း တပ်ရမယ်။ မတပ်ရင်မဝင်ရဘူး။ နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေဘယ်လောက် ရိုက်မယ်ဆိုတာနဲ့ ကိုယ်တွယ် လိုက်ရင်တော့ အသုံးပြုမှု အားမြင့်လာနိုင်ပါတယ်။

ဦးသော်တာအောင် (စမ်းချောင်းမဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ရန်ကုန်က မြန်မာနိုင်ငံမှာ အကြီးဆုံးမြို့ကြီး။ ပညာပေးမှု လုပ်ဆောင်တယ်။ နှားခေါင်းစည်းတွေ တပ်ဖို့လုပ်ကြတယ်။ ဝေငှတာတွေလုပ်ကြတယ်။ လိုက်နာမှုအပိုင်းမှာတော့ မလိ်ုက်နာသူတစ်ချို့ လည်းရှိကြတယ်။ မတပ်ရင်ဖမ်းမယ် ဆိုတာကတော့ ဥပဒေကြောင်းအရ အခက်အခဲအများကြီး ရှိပါတယ်။ အဓိကကတော့ ပညာပေးမှုပဲ လုပ်ဖို့လိုတာပါ။ ပညာပေးမှုကလည်း တောက်လျောက်ပေးနေတာပဲ။ မလိုက်နာကျတာကတော့ သူတို့ဗဟုသုတနဲ့ မကြောက်တတ်တာပဲပေါ့။

ဒေါ်သစ်သစ်မြင့် (တောင်ဥက္ကလာပ မဲဆန္ဒနယ်)
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

နှားခေါင်းစည်းတွေကို တပ်စေချင်ပါတယ်။ တပ်စေချင်လို့ ကျွန်မကိုယ်တိုင် လျှော်ပြီးတပ်လို့ရမယ့် နှာခေါင်းစည်းတွေ ချုပ်ပြီးလှူနေပါတယ်။ ကျွန်မတို့ တောင်ဥက္ကလာမှာတော့ များသောအားဖြင့် တပ်ကြပါတယ်။ ကျွန်မတို့ စျေးဆိုလည်း စျေးပေါ့။ တစ်ပတ်တစ်ခါ လောက်ဝင်ပါတယ်။ နှာခေါင်းစည်း အသုံးပြုဖို့က အကျင့်မရှိတာတွေလည်း ပါမှာပေါ့။

အချို့ဆို သွားပေါ်မှာ မေးစေ့အောက်မှာ ထားတာတို့ ချွတ်ထားတဲ့ နှားခေါင်းစည်းကို ပြန်တပ်တာတို့ တွေ့ရပါတယ်။ ကျွန်မတို့လည်း ပြောပါတယ်။ တစ်ကယ် ရောဂါဖြစ်လာရင် ကျပ်တဲ့အကျပ်က ပိုဆိုးတယ်။ ဒါဘာမှ မဟုတ်သေးဘူးပေါ့။ ပညာတွေပေးပါတယ်။ တောင်ဥက္ကလာမှာတော့ နှာခေါင်းစည်း တတ်ကြပါတယ်။ တော်တော်များများ တတ်ကြပါတယ်။ ကျွန်မတို့မှာ ၈၀ ရာခိုင်နှုန်းလောက် တတ်ပါတယ်။

စည်းကမ်းပိုင်းကတော့ ကျွန်မတို့ဆီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကအစ ရပ်ကွက်အတွင်းမှာ နှိုးဆော်နေတာတွေ့ရပါတယ်။ နှာခေါင်းစည်းက လျှော်သုံးလို့ရတဲ့ဟာဆို ပြသနာမရှိပါဘူး။ တစ်ခု ၃၀၀၊ ၄၀၀ ဆို အခြေခံလူထုက မဝယ်နိုင်ကြပါဘူး။ ကျွန်မတို့ တောင်ဥက္ကလာ ကိုဗစ်ကော်မတီကနေ လျှော်သုံးလို့ရမယ့် နှာခေါင်းစည်း ၅၀၀၀ လောက်ဝေဖို့လုပ်နေပါတယ်။ တောင်ဥက္ကလာက ပိုးတွေ့တဲ့သူများတော့ နှာခေါင်းစည်း အသုံးပြုသူများပါတယ်။

ဦးမောင်မောင်ဦး (အင်းစိန်မဲဆန္ဒနယ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

နိုင်ငံတော်အတိုင်ပင်ခံလည်း ပြည်သူတွေနဲ့တွေ့တိုင်းပြောနေတယ်။ တချို့ကြတော့ အကြောက်လွန်တယ်။ တချို့ကြတော့မကြောက်ဘူးပေါ့ဗျာ။ အစွန်းနှစ်ဘက်မှာရှိတာပေါ့။ တင်းတင်းကျပ်ကျပ် လုပ်ချင်း မလုပ်ချင်းကတော့ တိုင်းဒေသကြီးအစိုးရရယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကနေဆက်ရမှာပါ။

စိုးရိမ်မှုကတော့ ရှိတာပေါ့ဗျာ။ ခုနပြောသလို နိုင်ငံတော်အတိုင်ပင်ခံလည်း ပြောပြီးပြီ။ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်။ ကျွန်တော်တို့ကိုယ်တိုင် နှလုံးသွင်းပြီး နားလည်းလက်ခံမှ ဒါအောင်မြင်မှာ။ ကျွန်တော့်ဆန္ဒကတော့ ပြည်သူတွေကို ပိုပြီးအသိပညာပေးရမယ်။ အဲ့ဒါက အဓိကပါပဲ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)