အစိုးရသက်တမ်း ၄ နှစ်အတွင်း လွတ်လပ်စွာပြောဆိုလို့ အမှုပေါင်း ၅၀၀ ကျော်နဲ့ တရားစွဲခံရသူ ၁၀၀၀ ကျော်ရှိ

0
496

လက်ရှိ အစိုးရသက်တမ်း ၄ နှစ်တာကာလအတွင်း လွတ်လပ်စွာ ပြောဆိုမှုကြောင့် တရားစွဲဆိုထားမှုပေါင်း ၅၃၉ မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးရေ ၁၀၅၁ ဦးအထိ ရှိနေတယ်လို့ အသံအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရ၊ ပါတီနဲ့တပ်မတော်ကို ထောက်ခံသူတွေကနေ လွတ်လပ်စွာ ပြောဆိုမှုကို ချိုးဖောက်ပြီး အရပ်သား ပြည်သူတွေကို တရားစွဲဆိုခဲ့ကြတာ ဖြစ်တယ်လို့ အသံအဖွဲ့ရဲ့သုသေတန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ပြည်သူလူထုက ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိတယ်။ သူ့ရဲ့ပြောဆိုမှုဟာ ယုတ်ရင်း ကြမ်းတမ်းတာတွေ ပါလာနိုင်တယ်။ အဲ့လိုပါတဲ့တိုင်အောင် ကျွန်တော်တို့က အရေးယူလိုက်မယ်ဆိုရင် ဝေဖန်ချင်တဲ့သူတွေက သူတို့ပြောတဲ့စကားတွေမှာ အမှားအယွင်းတစ်ခုခု ပါလာမယ်ဆိုပြီး တရားစွဲဆိုခံရမှာ ကြောက်လို့ မပြောမဆိုရဲမှာ ဖြစ်သွားတဲ့အတွက် ယုတ်ရင်းကြမ်းတမ်းတာတွေ ပါလာတဲ့တိုင်အောင် အရေး ယူတာမျိုး မဆောင်ရွက်သင့်ဘူး။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဖြစ်ဖြစ် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ ပဲဖြစ်ဖြစ် သူတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တရားစွဲဆိုမှု လုံးဝမရှိသင့်ပါဘူးလို့ မြင်ပါတယ်” လို့ အသံအဖွဲ့ကို တည်ထောင်သူ မောင်ဆောင်းခက ပြောပါတယ်။

လွတ်လပ်စွာပြောဆိုမှုကို ချိုးဖောက်ခံရပြီး တရားစွဲခံရမှုမှာ အရပ်သားပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံပါတီဝင်တွေ၊ အနုပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီးပွားရေး လုပ်ငန်း ရှင်တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်နေပါပြီး၊ ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်း ဆက်သွယ်တဲ့ဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံဥပဒေ၊ သာသနာညှိးနွမ်းစေမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့တခြား ရာဇသတ်ကြီး ပုဒ်မတွေနဲ့ပါ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ အသံအဖွဲ့က သုသေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

____________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)