အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတာကြောင့် နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့ ခက်ခဲနေ

0
306

အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေထိုင်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဟာ အပြောင်းအလဲဖြစ်ဖို့ဆိုတာ မလွယ်ကူဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မေလ ၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပအထူးကိုယ်စားလှယ် ဖယ်ဒယ်ရီကာမိုဂါရီနီနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒီမိုကရေစီဆိုတာကို ယုံကြည်မယ်ဆိုရင် သင်တို့အနေနဲ့ သင်တို့ရဲ့ စိတ်ကူးအကြံအစီမံတွေကို လူများအပေါ်မှာ အတင်းအကျပ် မချမှတ်၊ မပြဌာန်းနိုင်ပါဘူး။ လူတွေကို ယုံကြည်စေပြီးမှသာ ပြီးမြောက်အောင်မြင်စေမှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ နှစ်တွေအတော်ကြာကြာ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အတော်ကို ကူညီထောက်ခံခဲ့ပါတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂအဖွဲ့ရဲ့ဖိတ်ကြားချက်အရ မေလ ၁ ရက်နေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)