ရန်ကုန်-ဒလ တံတားစီမံကိန်း ၂၀၁၈ နှစ်စပိုင်းမှာ စတင် တည်ဆောက်မယ်

0
308

ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ စတင် တည်ဆောက်သွားမှာဖြစ်ပြီး ၃ နှစ် ကြာမြင့်မှာဖြစ်ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ လမှာ စတင်တည်ဆောက်မှာဖြစ်ပြီး ကြာမြင့်ချိန် ၃ နှစ်ကြာမြင့်မှာ ဖြစ်တယ်လို့
ဒီကနေ့မှာ ပြုလုပ်တဲ့ မြန်မာကိုရီးယားချစ်ကြည်ရေး ဒလ တံတားစီမံကိန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးအရ သိရပါတယ်။

တံတားကို သံမဏိကြိုးဆိုင်း တံတားပုံစံဆောက်လုပ်မှာ ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာအမြင့် ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ တံတားဆောက်လုပ်တဲ့ ကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၃၈ သန်းနီးပါး ကုန်ကျမှာဖြစ်ကာ အဲ့ဒီငွေကြေးကို ကိုရီးယားနိုင်ငံက အနှစ်လေးဆယ် ဆိုင်းငံချေးငွေအဖြစ် ပေးသွားမှာဖြစ်ပါတယ်။

တံတားစီမံကိန်းမှာ ဆောက်လုပ်မယ့် ကုမ္ပဏီတွေကို အခုနှစ်ထဲမှာ ရွှေးချယ်သွားမှာဖြစ်ပါတယ်။ အခုအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၊ အခြားအစိုးရအဖွဲ့ဝင်များ၊ ဆိပ်ကမ်းပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)