အပူချိန် လွန်ကဲမှု အထူး သတိပြုဖို့လို

0
303

မြန်မာနိုင်ငံမှာ အပူချိန်တွေ အလွန်အမင်းတိုးမြင့်လာတဲ့အတွက် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ ရှိလာနိုင်တာကြောင့် အထူးသတိပြုနေထိုင်ဖို့ လိုတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

လက်ရှိအချိန်မှာ အပူချိန်တွေမြင့်တက်နေတဲ့အပြင် လေထုမှာလေအပူချိန်နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းကို ခန္ဓာကိုယ်ကခံစားလာရတဲ့အခါ ခံစားရတဲ့အပူချိန် (Feel Temperature)တွေဟာ ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတော့တဲ့အတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိလာနိုင်တယ်လို့ပြောပါတယ်။

နေ့အပူချိန် 41°C – 54°C တွင်ရှိပါက ကျန်းမာရေးအတွက်အန္တရာယ်ရှိလာပြီး၊>54°Cအထက်ကျော်လွန်ပါက ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးပြီး Heatstroke ရနိုင်တဲ့အတွက် သတိထားဖို့လိုအပ်နေတာပါ။

အပူချိန်အမြင့်ဆုံးအဖြစ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ 40°C ကနေ 42°C ရှိနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ဧရာဝတီတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းတို့မှာ 34°ကနေ 40°C ထိ ရှိနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)