အွန်လိုင်းမှာ သတင်းအမှား ဖြန့်နေတာတွေကို ဖော်ထုတ် တရားစွဲသွားမယ်လို့ ဦးဝင်းထိန်ပြော

0
321

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သတင်းအမှားတွေ ဖြန့်သူကို ဖော်ထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို တင်ပြထားပြီး ဖော်ထုတ်လို့ရတာနဲ့ တရားဥပဒေအရ တရားစွဲဆိုသွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်းက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့ သမ္မတဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူမယ့်ကိစ္စ၊ သူရဦးရွှေမန်းကို သမ္မတခန့်မယ်ဆိုတဲ့ကိစ္စ၊ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို သူရဦးရွှေမန်း တက်ရောက်တယ်ဆိုတဲ့ ကိစ္စနဲ့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို သတိပေးစာ ထုတ်မယ်ဆိုတဲ့ ကိစ္စတွေဟာ လုံးဝမှန်ကန်မှုမရှိတာကြောင့် ဖော်ထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားလို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဒီလိုလုပ်ဆောင်မှုတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေ သွားနေတဲ့အချိန်မှာ နိုင်ငံရေးမတည်မငြိမ် လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဦးဝင်းထိန်က သုံးသပ်ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)