လက်ရှိ လွတ်တော်က ဟန်ပြလွှတ်တော် ဖြစ်နေတယ်လို့ ဒေါ်စန္ဒာမင်း ပြော

0
542

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လက်ရှိလွှတ်တော်ဟာ ဟန်ပြလွှတ်တော် ဖြစ်နေတယ်လို့
ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရေပေါ်တက္ကစီပြေးဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးခွင့်မရတဲ့အပေါ် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အခုလို ရေးသားခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ်များက ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေ အများကြီးရှိပြီး သိချင်တာတွေလည်း အများကြီးရှိပါတယ်။ လွှတ်တော်ကို Institution တစ်ခုအဖြစ် အသိအမှတ်မပြုသေးသ၍ လွှတ်တော်ကြီး လုပ်နေရခြင်းဟာ နိုင်ငံတော်က ငွေတွေကုန်ပြီး ဟန်ပြလွှတ်တော်ကြီးပဲ ဖြစ်နေရဦးမှာပါပဲ လို့ မေလ ၂ ရက်နေ့က ရေးသားခဲ့တာပါ။

ဒေါ်စန္ဒာမင်းဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး အစိုးရရဲ့ စီမံကိန်းတွေ၊ ဘတ်ဂျက်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို စိစစ်မေးမြန်းရမယ့် တာဝန်ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)