NCA ထိုးထားတဲ့အဖွဲ့တွေ အောက်ခြေမှာပဲ ပြေလည်အောင် ညှိနှိုင်းဖြေရှင်း သွားမယ်

0
318

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရဲ့၁၀ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှု မရှိအောင် တစ်ခုနဲ့ တစ်ခု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သံသယစိတ်တွေကို အောက်ခြေမှာပဲ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းသွားမယ်၊ မဖြေရှင်းနိုင်ဘူးဆိုတာ မရှိပါဘူးလို့ ပြော ဆိုလိုက်တာပါ။

ဒါ့အပြင် အခုလထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကျင်းပသွားဖို့ဆိုတဲ့ သဘောတူညီမှု ရရှိထားတယ်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ JMC-U ဒုတိယဥက္ကဋ္ဌ တွေ၊ တပ်မတော်သားကိုယ်စားလှယ် အရာရှိတွေ၊JMC-U အတွင်း ရေးမှူးတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ အရပ်သားကိုယ်စားလှယ်တွေနဲ့ နည်းပညာအထောက်အကူပြု အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)