သနပ်ခါးကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေစာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စကိုသို့ အမည်စာရင်း တင်သွင်း

0
226

မြန်မာ့ရိုးရာဓလေ့ဖြစ်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ မတ်လ နောက်တုံးပတ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

တစ်မျိုးသားလုံး ယဉ်ကျေးမှု လက္ခဏာအဖြစ် ကိုယ်စားပြု တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်နေတဲ့ မြန်မာ့သနပ်ခါးဟာ ယူနက်စကိုရဲ့ စံနှုန်းငါးချက်နဲ့လည်း ကိုက်ညီမှု ရှိနေတဲ့အတွက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီက စတင် ဆောင်ရွက်ခဲ့တာပါ။

ယူနက်စကို အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၈ နိုင်ငံရှိပြီး အဲဒီထဲက နိုင်ငံပေါင်း ၁၂၂ နိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်း ၅၀၈ ခုကို စာရင်းဝင်အဖြစ် သတ်မှတ်ထားပါတယ်။ အာဆီယံနိုင်ငံတွေမှာလည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ၃၃ ခု စာရင်းဝင်ထားပြီး မြန်မာနိုင်ငံက သနပ်ခါးကို ပထမဆုံး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ တင်သွင်းတာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)