ပြည်ပကို ငါးတင်ပို့မှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျ၊ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းများ စျေးမတက်နိုင်

0
146

ပြည်ပကို ငါးတင်ပို့မှု ၈၀ ရာခိုင်နှုန်းလောက် လျော့ကျပြီး ပြည်တွင်းမှာလည်း ပွဲတော်တွေရပ်၊ စားသောက်ဆိုင်တွေ ပိတ်လိုက်လို့ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေ စျေးနှုန်းမြင့်တက်မှု မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

လတ်တလော ဖြစ်နေတဲ့ COIVD-19 ရောဂါ အခြေအနေကြောင့် ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေ စျေးနှုန်းကြီးမြင့်မှာကို ပြည်သူတွေ စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ အရင် ရောင်းချနေတဲ့ စျေးနှုန်းထက် စျေးလျှော့ ရောင်းချပေးနေကြောင်းလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငါး၊ ပုစွန် မွေးမြူရေး ဧကပေါင်း ငါးသိန်းခန့်ရှိပြီး နေ့စဉ် စုစုပေါင်း ငါးပိဿာချိန် ခြောက်သိန်းခွဲခန့်ကို ပုံမှန် ရောင်းချနေရာက COVID-19 ဖြစ်ပေါ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ဗဟိုစံပြ ငါးစျေးကြီး အပါအဝင် တစ်နိုင်ငံလုံးရှိ စျေးတွေကို ပိဿာချိန် နှစ်သိန်းခွဲခန့်သာ တင်ပို့ရောင်းချနေရတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပကို ငါးတင်ပို့မှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျ၊ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းများ ဈေးမတက်နိုင်

ပြည်ပကို ငါးတင်ပို့မှု ၈၀ ရာခိုင်နှုန်းလောက် လျော့ကျပြီး ပြည်တွင်းမှာလည်း ပွဲတော်တွေရပ်၊ စားသောက်ဆိုင်တွေ ပိတ်လိုက်လို့ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှု မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

လတ်တလော ဖြစ်နေတဲ့ COIVD-19 ရောဂါ အခြေအနေကြောင့် ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေ ဈေးနှုန်းကြီးမြင့်မှာကို ပြည်သူတွေ စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ အရင် ရောင်းချနေတဲ့ ဈေးနှုန်းထက် ဈေးလျှော့ ရောင်းချပေးနေကြောင်းလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငါး၊ ပုစွန် မွေးမြူရေး ဧကပေါင်း ငါးသိန်းခန့်ရှိပြီး နေ့စဉ် စုစုပေါင်း ငါးပိဿာချိန် ခြောက်သိန်းခွဲခန့်ကို ပုံမှန် ရောင်းချနေရာက COVID-19 ဖြစ်ပေါ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ဗဟိုစံပြ ငါးဈေးကြီး အပါအဝင် တစ်နိုင်ငံလုံးရှိ ဈေးတွေကို ပိဿာချိန် နှစ်သိန်းခွဲခန့်သာ တင်ပို့ရောင်းချနေရတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)