နိုင်ငံတော် ဓာတ်အားစနစ် တစ်ခုလုံး ၃၅ မိနစ် ပြတ်တောက်ခဲ့၊ ဝန်ကြီးဌာနက အသိပေး ဖြေရှင်း

0
211

မနေ့ ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိန်စခန့်မှာ ၂၃၀ ကေဗီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ဝေထားရှိတဲ့ နိုင်ငံတော် ဓာတ်အားစနစ် တစ်ခုလုံး ၃၅ မိနစ်ခန့် ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။

မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလှိုင်းရဲ့ တာဝါတိုင် အမှတ် ၅ နဲ့ ၆ ကြားရှိ တယ်လီဖုန်းတိုင်ကို ယာဉ်တိုက်မှု ဖြစ်ပြီး ဓာတ်အားလိုင်းအောက်ရှိ အမှတ် ၇ ဓာတ်တိုင်ကို ရိုက်မိခဲ့ကြောင်း၊ မီးတွေပန်းထွက်ကာ ဓာတ်အားလိုင်းအောက်ရှိ မြက်ခြောက်ပင်တွေကို မီးလောင်ခဲ့ကြောင်း၊ အဲဒါကြောင့် ဓာတ်အားစနစ်တစ်ခုလုံး ခေတ္တ ပြတ်တောက်မှု ဖြစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးရဲ့ ၆၆ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည် ပို့လွှတ်နိုင်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်ရှိ ဓာတ်အားသုံးစွဲသူ ပြည်သူတွေကို ညနေ ၅ နာရီကျော်အချိန်မှာ ၁၀၀ ရာခိုင်နှုန်း ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဓာတ်အားပေးစက်ရုံနဲ့ ခွဲရုံတွေကို အဆင့်ဆင့် ဓာတ်အားပေးပို့ လွှတ်ပေးခဲ့ရလို့ ဓာတ်အားပြတ်တောက်မှု အနည်းငယ် ကြာမြင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဓာတ်အားပြတ်တောက်မှု အချိန်ကာလအတွင်း အဆင်မပြေမှုတွေ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့နဲ့ ဓာတ်အား ပြတ်တောက်မှု မဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်နေကြောင်း မိဘပြည်သူများထံ အသိပေးပန်ကြားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)