ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဒေါက်တာ သာထွန်းကျော်ကို ခန့်အပ်

0
188

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဘက်စုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုတွေကို အများပြည်သူနဲ့ သတင်းမီဒီယာတွေကို ဆက်သွယ် အသိပေး ပြောကြားဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ကို ခန့်အပ်လိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) နဲ့ တာဝန်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ထံ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၉-၄၄၀၄၂၂၁၅၄ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ဒေါက်တာ သာထွန်းကျော်ကို ခန့်အပ်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဘက်စုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုတွေကို အများပြည်သူနဲ့ သတင်းမီဒီယာတွေကို ဆက်သွယ် အသိပေး ပြောကြားဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ကို ခန့်အပ်လိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၂၀၂၀) နဲ့ တာဝန်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။­­­

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ထံ ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၉-၄၄၀၄၂၂၁၅၄ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)