COVID-19 ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေ သိစေဖို့ အချက်အလက်နဲ့ သတင်းပေးပို့ရန် Webpage လွှင့်တင်

0
183

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ (Contact Person) တွေအတွက် သတင်းအချက်အလက်တွေ ဝင်ရောက်ကြည့်ရှုပြီး အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ် သတင်းပေးပို့နိုင်ဖို့ “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်တီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လွှင့်တင်ခဲ့ပါတယ်။

COVID-19 ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person တွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် (www.mohs.gov.mm) နဲ့ အင်တာနက်လိပ်စာ (https://www.mohs.gov.mm/Main/content/page/covid-19-contact) တို့မှတစ်ဆင့် သတင်းအချက်အလက်တွေကို ဝင်ရောက် ကြည့်ရှုပြီး သတင်းပေးပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာမှာ ဓာတ်ခွဲအတည်ပြု COVID-19 ပိုးတွေ့လူနာ တစ်ဦးချင်းစီအလိုက် သွားလာနေထိုင်ခဲ့တဲ့ ခရီးနေရာတွေ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person တွေကိုယ်တိုင် အွန်လိုင်းက တစ်ဆင့် ဗဟိုကို တိုက်ရိုက် သတင်းပေးပို့နိုင်မယ့် Reporting Form နဲ့ ဗဟို/တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်အလိုက် ဆက်သွယ် သတင်းပေးပို့နိုင်မယ့် ကျန်းမာရေးဌာနတွေရဲ့ ဖုန်းနံပါတ်စာရင်းတို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

ဝန်ကြီးဌာနက တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ COVID-19 Contact Person တွေ စာရင်းကို ဗဟိုသို့ အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့နိုင်ဖို့ Online Database စနစ်ကိုလည်း ရေးဆွဲဆောင်ရွက်နေပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

COVID-19 ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေ သိစေဖို့ အချက်အလက်နဲ့ သတင်းပေးပို့ရန် Webpage လွှင့်တင်

COVID-19 ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ (Contact Person) တွေအတွက် သတင်းအချက်အလက်တွေ ဝင်ရောက်ကြည့်ရှုပြီး အချိန်နဲ့ တစ်ပြေးညီ ဆက်သွယ် သတင်းပေးပို့နိုင်ဖို့ “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်တီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လွှင့်တင်ခဲ့ပါတယ်။

COVID-19 ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person တွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် (www.mohs.gov.mm) နဲ့ အင်တာနက်လိပ်စာ (https://www.mohs.gov.mm/Main/content/page/covid-19-contact) တို့မှတစ်ဆင့် သတင်းအချက်အလက်တွေကို ဝင်ရောက် ကြည့်ရှုပြီး သတင်းပေးပို့နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ “COVID-19 Contact Tracing and Reporting Webpage” စာမျက်နှာမှာ ဓာတ်ခွဲအတည်ပြု COVID-19 ပိုးတွေ့လူနာ တစ်ဦးချင်းစီအလိုက် သွားလာနေထိုင်ခဲ့တဲ့ ခရီးနေရာတွေ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူ Contact Person တွေကိုယ်တိုင် အွန်လိုင်းက တစ်ဆင့် ဗဟိုကို တိုက်ရိုက် သတင်းပေးပို့နိုင်မယ့် Reporting Form နဲ့ ဗဟို/တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်အလိုက် ဆက်သွယ် သတင်းပေးပို့နိုင်မယ့် ကျန်းမာရေးဌာနတွေရဲ့ ဖုန်းနံပါတ်စာရင်းတို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

ဝန်ကြီးဌာနက တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ COVID-19 Contact Person တွေ စာရင်းကို ဗဟိုသို့ အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့နိုင်ဖို့ Online Database စနစ်ကိုလည်း ရေးဆွဲဆောင်ရွက်နေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)