ဧပြီလ ၃ ရက်နေ့က ဓာတ်ခွဲစစ်ဆေးသူ ၅၅ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိ

0
96

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီလ ၃ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံ ဒါမှမဟုတ် အိမ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ၅၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာ အားလုံးရဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂ ရက်နေ့၊ ညနေ ၆ နာရီမှ ဧပြီလ ၃ ရက်နေ့၊ ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၄၆ ဦး ရှိပါတယ်။ အခုအခါ မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀ ဦး တွေ့ရှိလာရပြီဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀ ဦးအနက် ၁ ဦးက သေဆုံးခဲ့ပြီဖြစ်ပြီး ကျန် ၁၉ ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံမှာ လူနာ ၁ ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ လူနာ ၉ ဦးနဲ့ မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံမှာ လူနာ ၁ ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှာ ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ ၄ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကို အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)