သင်္ကြန်ကာလ မြန်မာပြည်ပြန်တဲ့ ထိုင်းရောက် အလုပ်သမားတွေ ကားမှောက်၊ ၃ ဦးသေ

0
342

သင်္ကြန်ကာလ မြန်မာပြည်ကို ပြန်လာတဲ့ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ တင်ဆောင်လာတဲ့ မှန်လုံယာဉ် မြဝတီ-ကော့ကရိတ် အမြန်လမ်းမှာ တိမ်းမှောက်တဲ့အတွက် ၃ ဦးသေပြီး ၁၃ ဦး ဒဏ်ရာ ရသွားပါတယ်။

အလုပ်သမား ၁၆ ယောက် တင်ဆောင်လာတဲ့ ကားဟာ ဧပြီလ ၃ ရက်နေ့က ရင်ကွဲတောင် ကုန်းအဆင်းမှာ တိမ်းမှောက်တာ ဖြစ်ပါတယ်။ အခင်းဖြစ်ရာမှာ မိန်းကလေးတစ်ဦးနဲ့ ယောက်ျားလေးတစ်ဦး သေဆုံးပြီး ဆေးရုံရောက်မှ မိန်းကလေးတစ်ဦး ထပ်မံသေဆုံးပါတယ်။

ဒဏ်ရာရသူတွေကို မြဝတီမြို့ ဆေးရုံကို ပို့ထားပြီး ဒဏ်ရာပြင်းထန်တဲ့ နှစ်ဦးကို မဲဆောက်ဆေးရုံ ပို့ထားပါတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)