အိမ်အကူကို နှိပ်စက်တဲ့ တောင်သမန်က လင်မယားကို အာမခံပေး

0
303

မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ တောင်သမန်အင်း ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာမှာ အိမ်ငှားနေတဲ့ သွားဆရာဝန် အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူ ဆောင်းနှစ်သစ်ဦး တို့ကို အိမ်အကူ မိန်းကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးစစ်ဆေးရာကနေ အာမခံ ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒဏ်ရာဒဏ်ချက်တွေက သာမန် ဒဏ်ရာဒဏ်ချက်လို့ ဆေးစာက ဆိုတဲ့အတွက် ပုဒ်မပြောင်းသွားပြီး ကျေးရွာက ရပ်မိရပ်ဖတွေက ၁၀ သိန်းစီနဲ့ အာမခံပေးတာကြောင့် ဒုတိယမြောက် ရုံးချိန်းမှာ အာမခံပေးလိုက်တာ ဖြစ်ပါတယ်။

အနှိပ်စက်ခံရသူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လားရှိုးမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အိမ်အကူအဖြစ် ၁ လလျှင် ကျပ် ၅ သောင်းခွဲနဲ့ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းက လာရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူဟာ အိမ်အကူ မိန်းကလေးကို လက်သီးနဲ့ ထိုးခြင်း၊ ဝါယာကြိုးနဲ့ ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ အပ်နဲ့ထိုးခြင်းတွေ ပြုလုပ် ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့အတွက် တရားရင်ဆိုင်ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)