Good Morning မုန့် စက်ရုံ အလုပ်သမားတွေ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြမယ်

0
296

ကြိုတင် အကြောင်းမကြားဘဲ အလုပ်ကနေ ရပ်နားခံရခြင်း၊ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမှု မရှိခြင်းတွေကြောင့် Good Morning မုန့်စက်ရုံ အလုပ်သမားတွေ မြို့တော် ခန်းမရှေ့မှာ လာမယ့် ဧပြီလ ၆ ရက်နေ့မှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

အထုတ်ခံရတဲ့ အလုပ်သမား ၁၈၄ ယောက်ကို နစ်နာကြေး ပေးပေမယ့် အလုပ်ထုတ်မယ်ဆိုတာ ကြိုတင် အသိပေးခြင်း မရှိခဲ့ဘူး၊ ဥပဒေအတိုင်း မဆောင်ရွက်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒါကြောင့် စက်ရုံရှေ့မှာလည်း ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ပြန်ဝင်ဖို့ မနေ့က ခုံသမာဓိ ကောင်စီက တရားဝင် စာထုတ်ပေးခဲ့ပေမယ့် Good Morning စက်ရုံက ပေးမဝင်ပါဘူး။

လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ မြန်မာမေဆန်း ကုမ္ပဏီ (Good Morning) မုန့်စက်ရုံက အလုပ်သမား ၃ ရာကျော် စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေပေမယ့်လည်း အလုပ်ရှင်ဘက်က တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး။ အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်အခဲ ကြုံနေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)