ဥရောပ သမဂ္ဂရဲ့ ရှူးမန်း ဆု ဦးကိုနီ၊ ဦးအောင်မျိုးမင်းနဲ့ ဒေါ်ဂျာနန် ရရှိ

0
253

လုပ်ကြံခံရသူ ဦးကိုနီ၊ ညီမျှခြင်း မြန်မာ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ ကချင်အမျိုးသမီး ဒေါ်ဂျာနန်နဲ့ တို့ဟာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်ရုံးက ပထမဦးဆုံးအကြိမ် ချီးမြှင့်တဲ့ ရှူးမန်း ဆု (Schuman Award) ချီးမြှင့် ခံရပါတယ်။

ဧပြီလ ၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ ဥရောပ သမဂ္ဂ သံအမတ်ကြီး နေအိမ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဆုကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စွမ်းစွမ်းတမံ လုပ်ဆောင် နေသူတွေကို ရွေးချယ်ပြီး ပေးအပ်တဲ့ဆု ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန် ကိုဘီယာ (Roland Kobia) က ပြောကြားခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီ ကိုယ်စား သူ့ရဲ့ ဇနီးနဲ့ သမီးကြီးတို့က တက်ရောက် ယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)