အကျိုးမရှိတဲ့ စီမံကိန်းတွေကို ပြတ်ပြတ်သားသား ဖျက်ပစ်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြော

0
303

တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမရှိတဲ့ စီမံကိန်းတွေကို ရဲဝံ့ပြတ်သားစွာ ပယ်ဖျက်ပစ်ရမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုပါတယ်။

မနေ့က မနက်ပိုင်း နေပြည်တော်မှာ ကျင်းပတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

ပြည်သူလူထုအတွက် ကျေနပ်လောက်တဲ့ တိုးတက် ပြောင်းလဲမှုကို ပြသဖို့နဲ့ အခက်အခဲ ပြဿနာတွေကို တွန့်ဆုတ် ရှောင်ရှားမနေဘဲ လုပ်သွားဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ထမ်းတွေအတွက် ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ပေးဖို့နဲ့ အငြိမ်းစားယူရင်လည်း ဘဝလုံခြုံမှုရစေရေး ဘဏ်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ဝန်ကြီး ဦးကျော်ဝင်းက ထည့်သွင်း ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)