အာရှဖလား ခြေစစ်ပွဲမှာ မြန်မာ အမျိုးသမီးအသင်း အီရန်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ

0
266

၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ အုပ်စု (ဃ) ပွဲမှာ မြန်မာ အမျိုးသမီး အသင်းက အီရန် အမျိုးသမီး အသင်းကို နှစ်ဂိုး ဂိုးမရှိတဲ့ အနိုင်ရသွားပါတယ်။

အာရှဖလား ခြေစစ်ပွဲကို အုပ်စု လေးစုခွဲပြီး ကျင်းပနေတာ ဖြစ်ပြီး မြန်မာ-အီရန် ပွဲစဉ်ကို မနေ့ မတ်လ ၃ ရက်နေ့က ဗီယက်နမ်နိုင်ငံမှာ ကစားခဲ့တာ ဖြစ်ပါတယ်။

အနိုင်ဂိုး နှစ်ဂိုးကို ဂျူလိုင်ကျော်နဲ့ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီးအသင်းဟာ အာရှိ ခြေစစ်ပွဲ အုပ်စု (ဃ) မှာ ဗီယက်နမ်၊ စင်ကာပူ၊ ဆီးရီးယား၊ အီရန်တို့နဲ့ တစ်အုပ်စုတည်း ကျနေတာ ဖြစ်ပြီး ဧပြီလ ၇ ရက်နေ့မှာ ဆီးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)