သင်္ကြန်အကြို မှုခင်းကျဆင်းရေး အမှု ၉၀၀ ကျော် အရေးယူထား

0
253

သင်္ကြန်ကာလ မူခင်းတွေ လျော့နည်း ကျဆင်းစေရေးအတွက် ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးအရေးယူရာမှာ အမှုပေါင်း ၉၀၂ မှု အရေးယူထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်ကနေ မတ်လ ၂၈ ရက်အတွင်း ကာမစိတ်ကြွဆေးမှု တစ်မှု၊ မူးယစ်ဆေးဝါးမှု ၂၄၅ မှု၊ ယစ်မျိုးမှု ၃၆၆ မှု၊ လက်နက်မှု ၁၇၀ မှု၊ ဆင်ဆာမဲ့ ဗီဒီယိုမှု ၂၀ မှုတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က သင်္ကြန်ကာလမှာ အမှုပေါင်း ၉၆၇ မှု ဖြစ်ပွားပြီး သေဆုံးသူ ၂၇၂ ဦး၊ ဒဏ်ရာရသူ ၁၀၈၆ ဦး ရှိခဲ့တဲ့အနက် အများဆုံးဖြစ်ပွားတဲ့အမှုကတော့ ယာဉ်တိုက်မှု ဖြစ်ပြီး ၃၅၉ မှု ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)