မောင်တောမှာ ၆ လတာ အတွင်း အရပ်သား ၂၃ ဦးသေ၊ ၁၀ ဦး ပျောက်ဆုံး

0
246

ရခိုင်ပြည်နယ်၊ မောင်တော ဒေသမှာ အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားတဲ့ မနှစ်က အောက်တိုဘာ ၉ ရက်ကနေ ဒီနှစ် ဧပြီ ၃ ရက်နေ့အတွင်း အရပ်သား ၂၃ ဦးသေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေပါတယ်။

လတ်တလော နောက်ဆုံး ဖြစ်စဉ်တွေကတော့ ဘော်တလီ (၁) ကျေးရွာနေ နူမာမောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားမှုနဲ့ မြင်းလွတ်မြို့ အရှေ့ပိုင်း ရက်ကွက်နေ အာနိုဝါရ် အာရှတ် အသတ်ခံရမှုတို့ ဖြစ်ပါတယ်။

နူမာမောက်ကို မတ်လ ၃၁ ရက် ညသန်းခေါင်မှာ မျက်နှာကို အဝတ်နက် စည်းထားတဲ့ လူ ၇ ဦးက လာရောက် ဓားထောက် ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပြီး အမှုကို ကြိမ်ချောင်း ရဲစခန်းက စုံစမ်းနေပါတယ်။

အာနိုဝါရ် အာရှတ်ကိုတော့ ဧပြီလ ၂ ရက်နေ့ ည ၈ နာရီက မောင်တောစ်နဲ့ ဘာယု ဆိုသူ နှစ်ဦးက လာခေါ်သွားတာ ဖြစ်ပြီး တစ်နာရီ အကြာမှာ အသတ်ခံရတာ ဖြစ်ပါတယ်။ အလယ်သံကျော် ရဲစခန်းက မောင်တောစ်နဲ့ ဘာယုတို့ကို ဖမ်းမိဖို့ စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)