ဆေးအဟောင်း ကြီးကို ပုလင်းအသစ်ထဲထည့်ပြီး ပြန်ရောင်းသလိုဖြစ်နေတဲ့ ပညာရေးဝန်ကြီးသစ်

0
357

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တင်ပြလာတဲ့ ပြည်ထောင်စုဝင်ကြီးများ၊ပြည်ထောင်စု ရှေ့နေချုပ်နဲ့ ပြည် ထောင်စုစာရင်းစစ်ချုပ် တို့ရဲ့ အမည်စာရင်းတွေကိုဒီကနေ့ ဧပြီလ (၄-ရက်)နေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့စဉ်မှာပဲ ပညာရေးဝန်ကြီးအဖြစ် ရာထားခံရတဲ့ ဒေါက်တာ မျိုးသိမ်းကြီး ပါမေက္ခချုပ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပညာရေးဝန်ကြီးဌာန ၊နဲ့ ပတ်သက်လို့ ပညာရေးလောကနဲ့ နိုင်ငံရေး အသိုက်အဝန်းများကြားမှာ ဝေဖန်မှုတွေ ကြီးထွားလာနေခဲ့ပါတယ်။

ဒေါက်တာ မျိုးသိမ်းကြီးဟာယခင်စစ်အစိုးရလက်ထက်ကတည်းက ပညာရေးဝန်ကြီးဌာနမှာ တာဝန်ယူခဲ့သူ တစ် ဦးဖြစ်ပြီး ပညာရေးဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျောင်းသားများနဲ့ မကြေလည်မှုရှိခဲ့ သူတစ် ဦးဖြစ်ခဲ့သူတစ်ဦးလည်းပါတယ်။ဒါ့အပြင်ပညာရေးလောကမှာလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသူတစ် ယောက်လို့လည်း ဝေဖန်ခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။
ယခုအခါမှာအရပ်သားအစိုးရသစ်အနေနဲ့ လက်ရှိဝန်ကြီးဌာန ၄နေရာကိုတာဝန်ယူထားတဲ့ ဒေါ်အောင် ဆန်း စုကြည် ကသူတာဝန်ယူထားတဲ့ ဝန်ကြီးဌာန၄ခုအနက်မှ ပညာရေးနဲ့ စွမ်းအင်ဝန်ကြီးဌာန ၂နေရာကို တာဝန် လွဲပြောင်းဖို့ ရွေးချယ်ရာမှာလက်ရှိ ရွေးချယ်ထားသူနှစ်ဦးအပေါ် ဝေဖန်မှုတွေ မြင့်တက်လာ နေ တာဖြစ် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)