နာဂဒေသမှာ ချောင်းဆိုးရောဂါ တစ်မျိုးကြောင့် ၁၄ ဦး သေဆုံး

0
284

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ချောင်းဆိုးရောဂါ တစ်မျိုးကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိလာတယ်လို့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ ဦးကေစိုင်းက MCN သတင်းဌာနကို ပြောကြားပါတယ်။

ချောင်းဆိုးရောဂါ တစ်မျိုးကြောင့် သေဆုံးသူ ၁၄ ဦးကတော့ တွေးထွေနောက်ကုန်း အုပ်စု၊ လောနောကုန်းကုန်း ကျေးရွာနဲ့ လောနောက်အင်း ကျေးရွာတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီ ကျေးရွာတွေမှာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ကတည်းက စတင်ပြီး ချောင်ဆိုးရောဂါတွေ ဖြစ်ခဲ့တာလို့လည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ ဦးကေစိုင်းက ပြောပါတယ်။

၂၀၁၆ ခုနှစ်ကလည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ၀က်သက်ရောဂါ တစ်မျိုးကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)