နိုင်ငံနဲ့ လူမျိုး အောင်မြင်ဖို့ ခေါင်းဆောင်တစ်ဦးတည်းအပေါ်မှာ မှီခိုနေဖို့ မဖြစ်နိုင်ဘူးလို့ ဒေါက်တာဝင်းသိမ်း ပြောကြား

0
325

နိုင်ငံနဲ့ လူမျိုးအောင်မြင်ဖို့ ခေါင်းဆောင်တစ်ဦး တည်းအပေါ်မှာ မှီခိုအားထားနေဖို့ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုရာထူးဝန်က ပြောကြား
လိုက်ပါတယ်။

မတ်လ ၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ အစိုးရ၀န်ထမ်းတွေအနေနဲ့ မိမိတို့ သက်ဆိုင်ရာ၊ ကျွမ်းကျင်ရာ နယ်ပယ်တွေမှာ ခေါင်းဆောင် စိတ်ဓာတ်မွေး၊ ခေါင်းဆောင် တာဝန်ယူပြီး ကြိုးစားဆောင်ရွက်ကြမှသာ နိုင်ငံနဲ့ လူမျိုးတိုးတက်အောင်မြင် လာမှာဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)