ရှင်ရဟန်းငယ်များ ကာယိနြေ္ဒ ယဉ်ကျေးအောင် စောင့်ထိန်းရေး ကြပ်မတ်ရန် ဗန်းမော်ဆရာတော်ကြီး မိန့်ကြား

0
351

ရှင်ရဟန်းငယ်တွေ ကာယိနြေ္ဒ ယဉ်ကျေးအောင်နဲ့ စောင့်ထိန်းအောင် အထူးကြပ်မတ်ပေးဖို့ လိုအပ်နေပြီလို့ မတ်လ (၃) ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေးမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက မိန့်ကြားလိုက်ပါတယ်။

“ဘုရားတပည့်တော် အထူးလျှောက်ထားလိုသည်မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းငယ်များ ကာယိနြေ္ဒ ယဉ်ကျေးသိမ်မွေ့ကြစေရန် ကာယိနြေ္ဒ စောင့်ထိန်းမှု ပြုကြရေးအတွက် ဆရာသမားများက သဘောပေါက် နားလည်အောင် သွန်သင်ဆုံးမ ထိန်းသိမ်း စောင့်ရှောက်နိုင်ကြစေရန် အထူးကြပ်မတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း လျှောက်ထားပါသည်ဘုရား” လို့ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာမှာ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးက ချမှတ်ခဲ့တဲ့ သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေး လုပ်ငန်းတွေကို မလပ်တဲ့ သတိ၊ မယိမ်းယိုင်တဲ့ ဦးတည်ချက်တွေ အဖြစ်ထားပြီး ဆောင်ရွက်တော် မူကြဖို့ကိုလည်း သတိပေး မိန့်ကြားထားပါတယ်။

ဒါ့အပြင် ထေရဝါဒဗုဒ္ဓဘာသာ သီလရှင်တွေအတွက် ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ပြင်ဆင်ဖို့ရှိနေတဲ့ စည်းမျဉ်း၊ လုပ်ထုံးတွေတွေကို စည်းမျဉ်း၊ လုပ်ထုံးများ၊ ဓမ္မဝိနယ၊ ဥပဒေများနှင့်အညီ ဖြစ်စေရေး သေချာစွာ စိစစ် တည်းဖြတ် ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)